ဖရော်ရီဒါပြည်နယ်တွင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲ၍ that***ဖြတ်မှုဖြင့် tay**ဒဏ်ချမှတ်ခံထားရသူ
ဖရော်ရီဒါပြည်နယ်Kayle Bates
အမည်ရှိ အသက် ၆၇ နှစ်အရွယ် အမျိုးသားသည် ၁၉၈၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင်အသက် ၂၄ နှစ်အရွယ် Janet White ေ*သ*ဆုံးမှုနှင့်ပတ်သက်၍ ပထမအဆင့် လူသ*တ်မှု၊ ပြန်ပေးဆွဲမှု၊ လက်နက်ကိုင်ဓားပြတိုက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ရန်ပြုမှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
အမှုအကျဉ်းချုပ်အရ Bates သည် White အလုပ်လုပ်ခဲ့သော State Farm အာမခံရုံးမှ သူမကို ပြန်ပေးဆွဲပြီး အဆောက်အအုံနောက်ဘက်ရှိ သစ်တောထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် သူမအား အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ပြီး၊ ဓားဖြင့်ထိုးသ*တ်*ခဲ့ကာ သူမ၏လက်ချောင်းများထဲမှ စိန်လက်စွပ်တစ်ကွင်းကိုလည်း ချွတ်ယူသွားခဲ့သည်။
တရားရုံးမှတ်တမ်းများအရ Bates သည် Tallahassee စက္ကူကုမ္ပဏီမှ ပစ္စည်းပို့ဆောင်သူတစ်ဦးဖြစ်ပြီး အာမခံရုံးတွင် အနည်းဆုံး တစ်ကြိမ် လာရောက် ပစ္စည်းပို့ဆောင်ဖူးကြောင်း သိရသည်။ White နေ့လယ်စာစားချိန် အပြင်ထွက်နေစဉ်တွင် သူသည် အာမခံရုံးထဲသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး သူမပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဖလော်ရီဒါပြည်နယ်တရားရုံးချုပ်သည် Bates ၏ ကနဦးတရားစီရင်မှုနှင့်ပတ်သက်၍ တင်သွင်းခဲ့သော အယူခံကို ပယ်ချခဲ့ပြီး အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်ကလည်း ဇွန်လ ၃၀ ရက်နေ့တွင် အသနားခံစာကို ငြင်းပယ်ခဲ့သည်။
Bates ၏ ရှေ့နေဖြစ်သူ James Driscoll Jr. က ၎င်းတို့အနေဖြင့် အမှုနှင့်ပတ်သက်၍ နောက်ထပ်အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့က သူ့ကို ေ*သ*ဒဏ်စီရင်တာဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်လို့ ယုံကြည်တယ်” ဟု ၎င်းက Associated Press သို့ ပြောကြားခဲ့သည်။
ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis သည် သောကြာနေ့တွင် Bates ၏ သေဒဏ်စီရင်ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသည် ၁၉၉၃ ခုနှစ်က ဘားတစ်ခုအပြင်ဘက်တွင် လူနှစ်ဦးကို ပစ်သတ်ခဲ့မှုဖြင့် သေဒဏ်စီရင်ခဲ့သည့် Michael Bell ကို သေဒဏ်စီရင်ပြီး သုံးရက်အကြာတွင် ဖြစ်သည်။ထို့ကြောင့် bates ၏ပြစ်မှုအား ေ*သ*ဒဏ်ချမှတ်ရန်ဆုံးဖြတ်ခဲ့ကြသည်။