သူမ မှာထားသည့် အစားအသောက်အား ပို့ဆောင်သူထားသည့်နေရာ မြင့်မားမှုအပေါ် မလေးရှားအမျိုးသမီးတစ်ဦး၏ မကျေနပ်မှု ဗိုင်းရပ်ဖြစ်
သူမ မှာထားသည့် အစားအသောက်အား ပို့ဆောင်သူထားသည့်နေရာ မြင့်မားမှုအပေါ် မလေးရှားအမျိုးသမီးတစ်ဦး၏ မကျေနပ်မှု ဗိုင်းရပ်ဖြစ်

မလေးရှားနိုင်ငံရှိအမျိုးသမီးတစ်ဦးသည် အစားအသောက်ပို့ဆောင်သူများက သူမ မှာထားတဲ့ အစားအသောက်များကို အလွန်မြင့်မားသောနေရာတွင် ထားခဲ့ခြင်းကြောင့် မကျေမနပ်ဖြစ်ကြောင်း

Facebook စာမျက်နှာတွင်ပြစ်တင်ပြောဆိုခဲ့ရာမှ  မှတ်ချက်ပေါင်း ၂ ၄၀၀ ကျော်ရရှိခဲ့ပြီး ကွန်ရက်အသုံးပြုသူများ၏ ဝေဖန်ခြင်းကိုလည်း များစွာခံခဲ့ရသည်။

အစားအသောက်ထားရှိမှုအပေါ်  မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ရာ ပို့စ်၏ စာတန်းတွင် အမျိုးသမီးက သူမသည် ရှင်းလင်းသော ညွှန်ကြားချက်များ ကြိုတင်ပေးထားသော်လည်း ပို့ဆောင်သူက သူမ မှာထားတဲ့ အစားအသောက်ကို မှားယွင်းစွာ ပို့ဆောင်ခဲ့သည်ဟု တိုင်ကြားခဲ့သည်။ သူမက ပို့ဆောင်သူသည်အစားအသောက်ကို “တိုင်၏ အပေါ်ဘက်” တွင် ထားရန် တောင်းဆိုခဲ့သော်လည်း ၎င်းတို့က တိုင်ပေါ်ရှိ မီးအိမ်ပေါ်တွင် သွားရောက်ထားခဲ့ခြင်း ဖြစ်သည်။

ဗီဒီယိုတွင် အမျိုးသမီးက သူမ မှာထားတဲ့ အစားအသောက်ကို ပြန်လည်ရယူရန်အတွက် ခုံတစ်ခုပေါ်တွင် ရပ်နေရပုံကို ပြသခဲ့သည်။ “ပို့ခဲ့တဲ့သူရေ၊ ကျွန်မ မယူနိုင်လောက်အောင် မြင့်တဲ့နေရာမှာ ကျွန်မ မှာထားတဲ့ အစားအသောက်ကို မထားပါနဲ့လား။ ကျွန်မကို အရမ်းအရပ်ရှည်တယ်လို့ ထင်နေတာလား၊ ဒါမှမဟုတ် ရှင်တို့ကဘဲ အရမ်းအရပ်ရှည်တယ်လို့ ပြောချင်တာလား” ဟု သူမက ပြောဆိုခဲ့သည်။ သူမသည် တိုင်ဘေးရှိ နံရံကို လက်ညှိုးထိုးပြကာ ထိုနေရာတွင် ထားစေလိုကြောင်း ရည်ရွယ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

ထိုဗီဒီယိုနှင့်ပတ်သတ်၍လူမှုကွန်ရက်အသုံးပြုသူများ၏ ဝေဖန်မှုအများစုသည် သူမ၏ “ဒုက္ခ” အပေါ် ကိုယ်ချင်းစာမှုမရှိသည့်အစား မှတ်ချက်ပေးသူအများစုက သူမကို ဝေဖန်ခဲ့ကြသည်။ အမျိုးသမီးအား ကျေးဇူးတင်ရမည့်အစား ဆူပူကြိမ်းမောင်းနေသည်ဆိုသည့် မှတ်ချက်များသည် Like ပေါင်း ၃,၀၀၀ နီးပါး ရရှိခဲ့သည်။­

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Tik Tok အစော့လွန်ပြီး

Tik Tok အစော့လွန်ပြီး ကားပေါ်က ပြုတ်ကျသွားခဲ့တဲ့ ထိုင်းမလေး အန္တရာယ်ကင်းခဲ့ https://youtube.com/shorts/Up6yjtAlbA4